မွန်တို့ဌာနေ ရာမညဆိုတဲ့ သီချင်းကို ကြားဖူးကြမှာပါ။ သီချင်းကလည်း နာမည်ကြီး လူအတော်များများကလည်း ဆိုတတ်ကြတယ်။ ဒါပေမဲ့ ရာမည ဒေသ အကြောင်းကို သိကြလားလို့ မေးကြမယ်ဆိုရင်ဖြင့် ရာမည ဆိုတာ မွန်တို့ ဌာနေဆိုတဲ့ သီချင်းခေါင်းစဉ်ကလွဲပြီး အပိုစာသားထပ်ဖြေနိုင်မည့်သူ ရှားမယ် ထင်ပါတယ်။ တေးတံရှင် က အသံကောင်းတဲ့အတွက်ကြောင့်လား၊ ဒါမှမဟုတ် စကားဝဲတဲ့ မွန်မလေးတွေကို အဲဒီသီချင်းနဲ့ ပိုးလို့ အဆင်ပြေသလားတော့ မပြောတတ်ဘူး။သီချင်းကိုပဲ လူတွေ သိကြပြီးတော့ သီချင်းထဲက ပါတဲ့ ရာမညဆိုတဲ့ အကြောင်းကို မသိကြဘူး။ ရာမည အကြောင်းရေးထားတဲ့ စာအုပ်တွေလည်း ရှာမှရှားသကိုး။စာရေးဆရာတွေကပဲ မရေးကြတာလား၊လူတွေကပဲ စိတ်မ၀င်စားတာလားတော့ မပြောတတ်ဘူး။အခု ရာမညအကြောင်းကို လူတွေ သိကြရအောင်ဆိုပြီး ကျွန်တော်သိသလောက် သမိုင်းအထောက်အထားတွေနဲ့ တင်ပြပါရစေ။ ဖောက်သည်ချတယ် လို့ပဲဆိုပါတော့း) ။
ရာမညဒေသ (Rāmañña Desa) ဆိုတဲ့ ဝေါဟာရကို ဗုဒ္ဓ၏ စာပေကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။ ဗုဒ္ဓမြတ်ရှင် ထင်ရှားရှိစဉ် မြတ်စွာဘုရားရှင်ထံမှ ယခုအကျွန်ုပ်တို့အားလုံးသိပြီးသားဖြစ်သော တိုင်းမဟာ မြန်မာ ဆီသို့ ဆံတော်ရှစ်ဆူ ပင့်ဆောင်သောလာခဲ့တဲ့ မွန် ကုန်သည်ညီနောင်နှစ်ဦးဖြစ်သော တဖုဿ နဲ့ ဘလိက တို့ သည် ရာမညဒေသမှ ဖြစ်ပါတယ် ။ အဲဒီဆံတော် ရှစ်ဆူထဲက ဆံတော်တစ်ချို့ ကို မွန်ဘုရင် ဥက္ကလာပ မင်းနှင့်တကွ တိုင်းသူပြည်သားတွေက ရွှေတိဂုံစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။
နောက်ထပ် ရာမညဒေသ အကြောင်းကို တွေ့ရှိရတာကတော့ မြတ်ဗုဒ္ဓ ရဲ့ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတဲ့အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ဂ၀မ္ပတိ(Gavampatī) ဆိုတဲ့ လက်ရေးစာမူကဖြစ်ပါတယ်။ ဘုရားဖြစ်တော်မူပြီး ၈ နှစ်အကြာမှာမြတ်ဗုဒ္ဓ ဟာ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့နေရာကတော့ ဆူမတြားကျွန်း Sumatra ပြီးတော့ မလေးရှား၊ကမ်ပူးချား၊အယုဒ္ဓယ၊ လာအို၊ ထားဝယ်၊ ကျိုက္ခမီ၊ မုဒုံ၊မော်လမြိုင်၊မုတ္တမ၊သထုံ၊သောက္ကတဲ ကနေ ရာမညဒေသကိုရောက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ အဲဒီလက်ရေးမူပေစာအရ ဟံသာဝတီနေပြည်တော် ဖြစ်မည့်နေရာ (ယခုပဲခူးမြို့နေရာ)ကို ရောက်တဲ့အချိန်မှာမြတ်ဗုဒ္ဓဟာ ဟသာင်္အဖို နှင့် အမနှစ်ကောင် ရေပြင်အလယ်မှာပေါ်နေတဲ့ ကျွန်းသေးသေးလေး ပေါ်မှာ အပေါ်အောက်နားနေနာတာကို(ယခုလည်း ရွှေဟင်္သာမောင်နှံ အပေါ်အောက်နားနေသည့် ရုပ်တုတွေကို မွန်ပြည်နယ် နေရာအနှံ့မှာတွေ့နိုင်ပါတယ်) တွေ့ရှိပြီး နောင် အနှစ် ၁၁၁၆ ကြာတဲ့အခါမှာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ဟံသာဝတီ(Haṁsāvatī) ဆိုတဲ့ နိုင်ငံပေါ်ပေါက်လာမယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ဒါကြောင့် ရာမညဒေသ ဟာ ဧရာဝတီဒေသ အဖြစ်ယူဆလို့ရပါတယ်။ ဗုဒ္ဓ ရောက်ခဲ့တဲ့ ရာမညဒေသဟာ ပထမ ဟံသာဝတီနိုင်ငံ (A.D. 573-781 )ထက် နှစ်ပေါင်း ၁၀၀၀ကျော်စောပါတယ်။ A.D. 800-1281 ကာလအတွင်း ဟံသာဝတီရဲ့သမိုင်းကို မှတ်တမ်းတင်ထားတာ မတွေ့ ရှိရပါဘူး။ အဲဒီအချိန်မှာ ဟံသာဝတီဟာ အနော်ရထာမင်းစော( A.D. 1044-1077) လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံကို တည်ထောင်တဲ့ ၀ါရီရူ(မဂဒူ) နှင့် သူ၏အရိုက်အရာကို ဆက်ခံတဲ့ မင်းဆက်တွေက မြန်မာပြည် အောက်ပိုင်းဒေသကို ပုသိမ် ၃၃ မြို့  ၊မုတ္တမ ၃၃ မြို့ ၊ဟံသာဝတီ ၃၃ မြို့  ပေါင်း ၉၉ မြို့ ကို ရာမညဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီမြို့  တွေကတော့ အောက်မှာ ကျွန်တော် မွန်-ဗမာ-အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် ဖော်ပြထားပါတယ်။ စာဖတ်သူတို့ နေထိုင်တဲ့မြို့  အဲဒီအထဲ မှာ ပါမပါကြည့်ရှုကြပေါ့ဗျာ။ ပါရင်တော့ ကိုယ်နေထိုင်တဲ့မြို့ ရှေးကျတာကိုဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံကြီးသားတွေလို စာဖတ်သူလဲ ကိုယ့်မြို့ ကို ဂုဏ်ယူလို့ရပြီ။

မုတ္တမတိုင်း ၃၃ မြို့
(List of 33 townships in Matama Division
surveyed during the reign of King Badun A.D. 1781-1819)



ဟံသာဝတီတိုင်း ၃၃ မြို့ 
List of 33 townships in Hogsavati Division
surveyed during the reign of King Badun A.D. 1781-1819






ပုသိမ်တိုင်း ၃၂ မြို့ 
List of 32 townships in Pa-sim Division surveyed during the reign of King Badun A.D. 1781-1819






တတိယ ဟံသာဝတီ ခေါ် ပဲခူး ကမ္ဘောဇသာဒီ နေပြည်တော်ကို တည်ထောင်သော မင်းမှာ ဘုရင့်နောင်မင်းတရားကြီး (1551-1581) ဖြစ်ပါတယ်။ဘုရင့်နောင်မင်းဆက်နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ သြဇာ အရှိန်အ၀ါဟာ ကျဆင်းလာခဲ့ပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းဘုရားလက်ထက်မှာ မွန်လူမျိုးတွေ ဗမာ လူမျိုးတို့၏ လက်အောက်ကျရောက်ခဲ့တာ ယနေ့ထိတိုင် ပါဘဲခင်ဗျာ။ မွန်လူမျိုး၏ အစဉ်အလာကြီးမားခဲ့သော စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဟန်ပန်စတိုင်တွေဟာလည်း တဖြည်းဖြည်း မှေးမှိန်သွားသလို မွန်လိုမျိုးတွေဟာလည်း တစ်စတစ်စနဲ့ ကွယ်ပျောက်နေလျက်ရှိနေပါတယ်။ မိမိအမျိုးကို စောက်ရှောက်ခြင်းမပြုတဲ့ လူမျိုးဟာ သူတို့အတွက်နေရာကတော့ တဖြည်းဖြည်းကျဉ်းမြောင်းလာမှာ မြေကြီးလက်ခတ်မလွဲအမှန်ပါ။ ယခုလည်း မြန်မာနိုင်ငံမှာ အစဉ်အလာကြီးခဲ့ပြီး၊ သြဇာကြီးမားခဲ့သော ဒေါက်တာသန်းထွန်း၏ စကားလုံးကို အငှားသုံးရမည်ဆိုပါက ဗမာလူမျိုးတို့၏ လက်ဦးဆရာဖြစ်ခဲ့သော မွန်လူမျိုးတို့ ၏ အဖြစ်အပျက်က သာဓက ပြနေပါပြီ။ အထင်ရှားဆုံးသာဓက ကတော့ ပျူ လူမျိုး ပါဘဲ။ ပျူလူမျိုးဆိုတာ သမိုင်းမှတ်တမ်းမှာသာ ရှိခဲ့ပေမဲ့ ပျူလူမျိုးဆိုတာ စာဖတ်သူလား၊ ကျွန်တော်လားဆိုတာ မည်သူကမျှ ဒက်ထိဧကန် မပြောနိုင်တော့ပါဘူး။ သက်ရှိမဲ့ ဖြစ်တဲ့ အပင်တွေကတောင် သူတို့မျိုးဆက်အတွက် တနည်းနည်းနဲ့ အကျိုးပြုနေကြပါတယ်။ဒါကြောင့် ကျွန်တော်တို့အားလုံး မည်သည့်လူမျိုးမဆို ကိုယ့်လူမျိုးအတွက် တနည်းနည်းနဲ့တော့ အကျိုးပြုသင့်တယ်လို့ တိုက်တွန်းပါရစေ။
အမျိုးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော သားကောင်းသမီးရတနာများဖြစ်ပါစေလို့
ဆန္ဒမွန်ဖြင့်
sainon

(မှတ်ချက်။ အထက်မှာ တဖုဿ နဲ့ ဘလိက ပြီးတော့ ဥက္ကလာပမင်းတို့ကို မွန်လူမျိုးဟု ကျွန်တော်သုံးခဲ့ပါတယ်။ အနော်ရထာမင်းစော ( A.D. 1044-1077) လက်ထက်တွင် ဗမာလူမျိုးတို့သည် မွန်ရဟန်းတော်မြတ် ရှင်အရဟံမှတဆင့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်ကြပါတယ်။ အနော်ရထာမင်း မပေါ်ပေါက်မီက ပထမဟံသာဝတီ နိုင်ငံ မတိုင်ခင် နှစ်ပေါင်း ၁၀၀၀ကျော်က ပင် ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ထိုအချိန် ကာလအခါသမယကတည်းက မြန်မာပြည်အောက်ပိုင်းတွင် နေထိုင်ခဲ့သော လူမျိုးသည် မွန်လူမျိုး ဖြစ်ပါသည်။ အထက်ပါအချက်အလက် နှစ်မျိုးဖြင့် ပင် တဖုဿ၊ ဘလိကနှင့် ဥက္ကလာပ မင်းတို့သည် မွန်လူမျိုး ဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ဆိုဝံ့ပါတယ်။ )

အကိုးအကား
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၊ ချူလာလောင်ကောင်တက္ကသိုလ်တွင် ကျင်းပသော Discovery of Ramanya Desa ,History, Identity, Culture, Language and Performing Arts အကြောင်းဆွေးနွေးသော conference မှာ Sunthorn Sripan-ngern (Thai-Raman Association) တင်သွင်းသော စာတမ်းဖြစ်သည့် Comparison of Mon chronicles: Rājā-thabut and succeeding chronicles ကို ကိုးကားထားပါသည်
ဦးသော်ကောင်း(ချူလာလောင်ကောင်တက္ကသိုလ်၊ Faculty of Arts၊ Department of comparative literature ) ၏ Accounts of King Bayinnaung's Life andHanthawady Hsinbyu-myashin Ayedawbon, a Record of his Campaigns

မွန်-ခမာတို့ အုပ်စုဟာ တရုတ်ပြည်တောင်ပိုင်း ကျန်စီမြစ်ဝှမ်းတွင် စတင်အခြေတည် နေထိုင်ခဲ့တယ်လို့ ဆိုတားတယ်။ ဒါနဲ့ပတ်သက်ပြီး ပါမောက္ခ G.H.Luce က သူရေးတဲ့ “Old Burma, Early Pagan (1969) စာအုပ်မှာ ဒီလိုရေးသားထားတယ်။

“The pioneers in civilization both in Old Burma and Old Siam were the Mons. Significantly, the Mons had played a major role as the most prominent agent in spreading and propagating Indian. And I hold that the original homeland of the Mon-Khmers was Yangtze valley before they were pushed south by the Chinese in time immemorial.”

“မွန်လူမျိုးတို့ဟာ မူလပထမဦးစွာ တရုတ်တောင်ပိုင်း ဂိုဘီသဲကန္တာရမှာ နေထိုင်လာခဲ့ကြတယ်။ ထို့နောက် ရေကြည်ရာ မြက်နုရာနေရာဒေသသစ်ကို ရှာဖွေရင်း တရုတ်ပြည်တောင်ပိုင်းဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာရာမှ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြတယ်” လို့ သက်သေအထောက်အထားတွေနဲ့ အခိုင်မာဆိုထားတယ်။

သမိုင်းပါမောက္ခဒေါက်တာသန်ထွန်းကလည်း အောက်ပါအတိုင်းမှတ်ချက်ချထားတာကို တွေ့ရတယ်။

“ မွန်နှင့်ခမေရ်လူမျိုးတို့ကား မွန်ဂိုလ်အနွယ်ဝင်များဖြစ်၍ ၀၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလ်အနွယ်များဖြစ်သော်လည်း ၀ တို့၌် တောင်ဖက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်” လို့ ဆိုထားတယ်။

နောက်ပြီး ဦဘသန်းရေးတဲ့ မြန်မာ့ရာဇ၀င်၊ စာမျက်နှာ-၅၀ မှာ အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရပြန်တယ်။

“ မွန်လူမျိုးတို့ကား တိဘက်တိုးဘားမင်း(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် တရုတ်ပြည်အနောက်ပိုင်း ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝအရပ်ဒေသတို့တွင် မြို့ရွာတည်ထောင်နေထိုင်ကြသည်ဟု ထင်ရန်ရှိသည်။ မွန်ရာဇ၀င်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟုအမည်တွင်လျက် ရှမ်း(စောထိုင် သို့မဟုတ် ထိုင်) လူမျိုးတို့နှင့်အတူ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့အကြား ကုန်းမြင့်တောင်တန်းကြီးတလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အ၀ရှိအရပ်ဒေသတို့တွင် နေထိုင်ကြကြောင်းနှင့် ဆိုသည်။”

အလွန်ထင်ရှားတဲ့ အထက်ပါသမိုင်းပညာရှင် (၃)ဦးရဲ့ အရေးသားကိုကြည့်ရင် မွန်-ခမာလူမျိုးတို့ဟာ မွန်ဂိုလ်အနွယ်ဖြစ်တယ်။ တရုတ်ပြည်အနောက်ပိုင်းကုန်းမြင့်မှ တောင်ဘက်သို့ ဆင်းသက်လာပြီး မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာတယ်ဆိုတာ ထင်ရှားတယ်၊ အိန္ဒိယနိုင်ငံ တိလင်္ဂဃတိုင်းက မွန်လူမျိုးတို့ ဆင်းသက်လာတာကို မတွေ့ရဘဲ၊

တဖန် The New Encyclopaedia Britannica စွယ်စုံကျမ်းမှာလဲ အောက်ပါအတိုင်း ရေးသားဖော်ပြထားတာကို တွေ့ရတယ်။

“ မွန်လူမျိုးတို့ရဲ့ မင်းနေပြည်တော်ဟာ ဟံသာဝတီနိုင်ငံ ဖြစ်သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြားတိုတောင်းတဲ့ကာလများမှာ ဗမာနိုင်ငံတွင် အလွန်တံခိုးသြဇာ ကြီးမားခဲ့တာဖြစ်တယ်။ တရုတ်ပြည်အနောက်ပိုင်းမှာ တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင် လာပြီး စောဖုရားမြစ်ဝှမ်း ‘Chao Phraya River’ တို့မှာ အခြေချ နေထိုင်လာခဲ့သည်။”

အထက်ပါစာပုဒ်တွေအရ မွန်လူမျိုးတို့မှာ တရုတ်က ဆင်းသက်လာတယ်ဆိုတာ ထင်ရှားတယ်။ တရုတ်ပြည်တောင်ပိုင်း ကျန်စီမြစ်ဝှမ်းက ဆင်းသက်လာတယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှားသိရတယ်။ အိန္ဒိယနိုင်ငံ တိလင်္ဂဃတိုင်းက ဆင်းသက်လာတယ် ဆိုတာကို တဦးတယောက်ကမှ ရေးသားထားတာ မတွေ့ရဘူး၊ ဘယ်သမိုင်းစာအုပ်မှာမှလဲ မတွေ့ရဘူး၊ ဒါပေမဲ့ တချို့ သမိုင်းစာအုပ်မှာ တိလင်္ဂဃတိုင်းနဲ့ ဆက်စပ်ပြီး မွန်လူမျိုးတို့အကြောင်းကို ရေးသားထားတဲ့အချက်တချက်ရှိတယ်။ ဘယ်လိုရေးသားထားလဲ ဆိုတော့ အိန္ဒိယတောင်ပိုင်း တိလင်္ဂဃကလူမျိုးတို့ဟာ မွန်လူမျိုးတို့ရဲ့ ရာမည ဒေသကို လာရောက်တိုက်ခိုက်တယ်။ ဒါပေမဲ့ မွန်လူမျိုးတို့က ပြန်လည်တိုက်ခိုက်ချေမှုန်းပြီး ထိုကျူးကျော်သူ တိလင်္ဂဃတိုင်းသားတိုင်းသားတို့ကို ရာမညဒေမှ မောင်းထုတ်နိုင်ခဲ့တယ် လို့ သမိုင်းစာအုပ်မှာ ရေးသားထားတာကို ဖတ်ဖူးတယ်။ အောက်ပါစာပုဒ်က သက်သေပြလျှက်ရှိသည်။

“ အထင်မြစ်ညာတွင် မြို့ပြတည်ထောင်နေထိုင်သော တိဘက်တိုဘာမင်း(ပျူ၊ ကမ်းယံ၊ သက်) တို့အပေါ်တွင် မဇ္ဈိမဒေသ အိန္ဒိယမြောက်ပိုင်းမှ သာကီဝင်မင်းတို့ လာရောက်အုပ်ချုပ်သကဲ့သို့ မွန်လူမျိုးတို့အပေါ်တွင်လည်း အိန္ဒိယတောင်ပိုင်း (ယခုမဒရပ်နယ်) တယ်လင်္ဂဏအရပ်မှ မင်းများလာရောက်အုပ်စိုးဟန်ရှိသည်။ မည်သို့မဆို မွန်လူမျိုးတို့ကား မိမိတို့နိုင်ငံသို့ လာရောက်ကြသော အိန္ဒိယတိုင်းသား ကုလားတို့နှင့် အကြိမ်ကြိမ်တိုက်ခိုက်ကြရသည်” (ဦးဘသန်းရေး မြန်မာ့ရာဇ၀င်၊ စာ၅၁)

မှတ်ချက်။ ။၎င်းရေးသားချက်များသည် “ တလိုင်း ဝေါဟာရ သုတေသနစာတမ်း “ မှ ကူးယူဖော်ပြထားပါသည်။


သင်ဘယ်ကလဲ?