မြန်မာ့သမိုင်းတွင် ဘုရင်မ ဟူ၍ တစ်ဦးတည်းသာ ရှိခဲ့ဖူးပါသည်။ ထိုဘုရင်မမှာ မွန်ဘုရင်မကြီး ရှင်စောပု ဖြစ်ပါသည်။ ဘုရင်မကြီး ရှင်စောပုအကြောင်းကို ပြည့်စုံစွာရေးသားထားသော စာအုပ်လေးကို မျှဝေပေးလိုက်ပါသည်။
http://www.fileden.com/files/2008/7/19/2009813/chit%20oo%20nyo_shin%20saww%20pu.pdf
မွန်တို့၏ ရိုးရာအိမ်
Anonymous
0
comments
မွန်တို့၏ ရိုးရာအိမ်ပုံစံကို ရေးထားတဲ့ စာတမ်းပါ။ စိတ်ဝင်စားရင်လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ။ မြန်မာလို ပြန်ပြီးတင်မလို့ပါဘဲ။ အင်္ဂစာ အရမ်းတော်လို့ မြန်မာလို မပြန်တော့ပါဘူးဗျာ။ တတ်နိုင်ရင်ဘာသာပြန်ပေးကြပါ။အားမနာပါနဲ့ဗျာ။ ကျွန်တော်စိတ်မဆိုးတတ်ဘူး။ အခုတော့ လင့်ဘဲပေးလိုက်မယ်။ ဘယ်လိုတင်ရမှန်းမသိလို့။ မသိတာတွေက များနေပြီး။ အဟီး။
http://www.fileden.com/files/2008/7/19/2009813/Mon%20Traditional%20House.pdf
တိုင်းဒဂုံက ရွှေတိဂုံ
Anonymous
0
comments
ရွှေတိဂုံစေတီတော်အကြောင်းဆိုပေမဲ့ ကျွန်တော် ရွှေတိဂုံ ဆိုတဲ့အမည်နာမဘယ်ကနေစတင်ပေါက်ဖွားလာသလဲဆိုတဲ့ မေးခွန်းကိုဘဲ အထူးပြုဖော်ပြသွားပါရစေ ။ ဒီမေးခွန်းဖြေဖို့ ကျွန်တော်တို့သမိုင်းကြောင်းကို ပြန်ဆန်းစစ်ကြည့်ရမှာပါ ။ သမိုင်းဟာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုခု၊ လူတစ်ဦးတစ်ယောက်ရဲ့ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အမြဲထာဝရ သက်သေခံနေတဲ့ မှတ်ကျောက်တစ်ခုပါ။ သမိုင်းနဲ့ဘဲ ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ဆုံးဖြတ်အတည်ပြုကြတာမဟုတ်လား။ ဒါကြောင့် ရွှေတိဂုံဆိုတဲ့ စကားလုံးဘယ်ကနေ ပေါက်ဖွားလာသလဲဆိုတာကိုသိဖို့ ပထမဦးဆုံး အဲဒီစေတီကို ဘယ်သူစတင်တည်ထားကိုးကွယ်သလဲဆိုတာကို ကျွန်တော်တို့သိရပါမယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲဗျာ။ ရွှေတိဂုံစေတီတော်ကို ရာမညတိုင်းရှင် ဥက္ကလာပမင်းကြီး ဦးဆောင်ပြီး တဖုတ္တ နဲ့ ဘလိက္က ညီနောင်နှစ်ပါးတို့နဲ့အတူ ရာမညတိုင်းသားတို့ကတည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တော်တော်များများ (အများအားဖြင့် နောက်ပိုင်းလူငယ်တွေပေါ့) က ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ ဗမာလူမျိုးလို့ သိကြပါတယ်။ ရွှေတိဂုံစေတီတော် သမိုင်းကြောင်း ကို ရေးထားတဲ့ စာအုပ်တွေမှအစ ဘုရားရဲ့ သမိုင်းကြောင်းကို စပ်ဆိုထားတဲ့ သီချင်းတွေကအလယ် ဓမ္မပူဇာတေးကအဆုံး တည်ထားကိုးကွယ်သူတွေရဲ့ လူမျိုးကို တိတိကျကျရေးထားတာကို ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက် မတွေ့ဖူးပါဘူး။ မြန်မာပြည် ရာမညတိုင်းမှ တဖုတ္တ နဲ့ ဘလ္လိက ညီနောင် ရယ် ဥက္ကလာပ မင်းကြီးရယ် တည်ထားကိုးကွယ်တဲ့ခုနှစ်ရယ် ဆိုတာကို ဘဲတွေ့ရှိရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကလဲ မြန်မာပြည်သားဆိုတော့ တည်ထားကိုးကွယ်တဲ့ လူမျိုးကိုလည်း ဗမာလူမျိုးလို့ ယူဆကြမှာဘဲ။ ဒါဟာလည်းဖြစ်နိုင်ပါတယ်။ တကယ်တမ်းကျတော့ ရာမညတိုင်းဟာ မွန်တို့ဌာနေပါ။ မွန်တို့ဌာနေကဆိုတော့ ဥက္ကလာပမင်းကြီး ၊တဖုတ္တ နဲ့ ဘလ္လိက တို့ဟာ မွန်လူမျိုးဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။ ဒါဟာလည်း ငြင်းပယ်လို့မရအောင် ဗုဒ္ဓ၀င်၊ ရာဇ၀င် ဆိုတဲ့ သမိုင်းကြောင်းက သက်သေခံနေပါတယ်။ အမှန်မှာ သူတို့အကြောင်းကို ရာမညဒေသအကြောင်းဆောင်းပါးမှာ ကျွန်တော်ရေးခဲ့ပြီးပါပြီ။ ရွှေတိဂုံရဲ့ အမည်နာမကို ဆန်းစစ်ဖို့အတွက် တည်ထားကိုးကွယ်ခဲ့တဲ့လူမျိုးကိုသိဖို့ လိုအပ်လို့ပါ။ ကဲ ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ဗျာ။ လူမျိုးတစ်မျိုးက သူတို့တည်တဲ့ဘုရားရဲ့ အမည်နာမကို တစ်ခြားလူမျိုတွေရဲ့ ဘာသာစကားနဲ့ နာမည်ပေးတာ ထုံးစံမရှိပါဘူး။ ဒီလိုပါဘဲ ရာမညတိုင်းသား မွန်လူမျိုးတို့ တည်ထားတဲ့ ဘုရားဟာ မွန်အမည်နာမဘဲ ဖြစ်ရမှာပေါ့။ ဒါဖြင့် မွန်လူမျိုးတွေခေါ်ဝေါ်ခဲ့ကြတဲ့ ရွှေတိဂုံဘုရားရဲ့ မူရင်းအမည်နာက ဘာလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။ ကျွန်တော်တို့လူသားတွေဟာ အမည်နာမတစ်ခုကို ခေါ်ဝေါ်သုံးစွဲတော့မည်ဆိုလျင် အများအားဖြင့် လူပုဂ္ဂိုလ်၊ အရပ်ဒေသ၊အရေအတွက် နောက်ကြောင်းရာဇ၀င် စသည်တို့ကို အစွဲပြုပြီး ခေါ်ဝေါ်တတ်ကြပါတယ်။ အဲဒီလိုပါဘဲ ရွှေတိဂုံစေတီတော်ဟာ အရပ်ဒေသကို အစွဲပြုပြီး ခေါ်ဝေါ်ခဲ့ကြတဲ့ ဘုရားတစ်ဆူဖြစ်ခဲ့ပါတယ်။ အရင်တုန်းက ယခုကျွန်တော်တို့သိနေတဲ့ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့က ဒဂုံတိုင်းဟု သမုတ်ခဲ့ကြပါတယ်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်တဲ့အတွက်ကြောင့် ဒဂုံတိုင်းကဘုရားလို့ ခေါ်ဝေါ်ပြောဆိုခဲ့ကြတယ်။
မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်မှာ ဒဂုံ ကို ရန်ကုန် ဆိုပြီး အမည်နာမ ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးသိပြီးသားပါ။ ရန်ကုန်ဒေသမှာရှိတဲ့ ကျိုက်လဂုံကိုလည်း အခြားသောတိုင်းရင်းသားတို့က ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာ ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံ ဟာ မြန်မာပြည်ရဲ့ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့ပါတယ်။ မွန်လူမျိုးတို့ အတွက် ဂုဏ်ယူစရာ ပေါ့လေ။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ မူပိုင်ကျိုက်ဆိုတဲ့စကားလုံးနေရာမှာ ရွှေနိုင်ငံ(Golden land) ကို ကိုယ်စားပြုတဲ့ ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြပါတယ်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီးတော့ ကျိုက်လဂုံ ဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။
***ကျွန်တော်တို့ မွန်လူမျိုးတွေကတော့ ယခုအချိန်အထိတော့ ရွှေတိဂုံ စေတီတော်ကို ကျိုက်လဂုံ ဟုခေါ်ဆိုနေကြပါတယ်။ ရန်ကုန်မြို့ကိုလည်း လဂုံမြို့ (တုံးလဂုံ) ဟု ခေါ်တွင်နေကြဆဲပါ။ မွန်လူမျိုးတွေနေထိုင်တဲ့ ဒေသကို ကြုံကြိုက်ရင် မေးမြန်းကြည့်ကြပါဗျာ။ ကောင်မလေးတွေကိုဘဲ မေးကြပါနော်။ တမျိုးမထင်ကြပါနဲ့။ သူတို့က ယောကျာ်းလေးတွေထက်ပိုပြီးစိတ်ရှည်လို့ပါ(အဟီး)။
လေးစားစွာဖြင့်
Saitnon
မွန်နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ပေါင်းကူးချိန်သည် မွန်နှင့် ဗမာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာ နိုင်ငံဖြစ်သော ဒွါရ၀တီနိုင်ငံ သည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေ အရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေပြီး။
ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီမြဲဖြစ်သည့်အတိုင်း မွန်နှင့် ဗမာတို့ဆုံတွေ့ကြရာတွင် မြင့်မားသော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည် ဖြစ်ပါသည်။
မွန်နှင့်ဗမာကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က ဗမာထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂)တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် ဗမာကျောက်စာပေါင်းချုပ် စာအုပ်ကိုတည်းဖြတ် ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။
ရှေးဗမာသမိုင်းပညာရှင် များသည် ဗမာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိခဲသည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်း အထောက်အထားများ အရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း '' ဗမာတို့ဆရာကား မွန်ဖြစ်သည်" ဆိုသည်မှာ ထင်ရှားလှပါသည်။
ဗမာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့် အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစတိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာတို့၏ ဒုတိယ ဆရာဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် ဗမာတို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တ၀သောက်စို့ ခဲ့ရပြီးဖြစ်သည်။
မှတ်ချက် ။ ။ ကျနော် ဤမွန်-မြန်မာ စာပေယဉ်ကျေးမှုပေါင်းကူးချိန် ဆောင်းပါကို ဒေါက်တာမင်းတင်မွန် ရေးသားသော မွန် - မြန်မာ စာပေပေါင်းကူး စာအုပ်မှ တစ်ထပ်တည်းကူးယူ ကောင်နုတ်ထားပါသည်။
ဒီပိုစ့်ကို ကိုမော်စီဘလော့ မှကူးယူဖော်ပြသည်။
မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တွင် အကြီးဆုံးစေတီတော်ကို ညွှန်ပြပါဆိုလျှင် ကျိုက်သံလန်စေတီတော် ကိုသာ ညွှန်ပြရပါလိမ့်မည်။ မြန်မာ့သမိုင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ညီနောင်နှစ်ပါးသည် ဘုရင်အဖြစ်ကို ရရှိရန်အတွက် စေတီတစ်ဆူကို အပြိုင်တည်ခဲ့ကြရသည်။ ကျိုက်သံလန် စေတီတော်သမိုင်းသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။ ထိုကဲ့သို့ စေတီအပြိုင်တည်၍ ပြဿနာဆုံးဖြတ်ခြင်းသည် မွန်လူမျိုးများကပင် စတင်ခဲ့သည်လား၊ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ကပဲ စတင်ခဲ့သည်လားတော့ ကျွန်တော်လည်း မပြောတတ်ပါ။
စေတီတော်သမိုင်းမှာ...
ရှေးယခင်က မွန် နှင့် ရှမ်းလူမျိုးများ (ထိုအချိန်က မွန်လူမျိုးများသည် ယိုးဒယားလူမျိုးများကို ရှမ်း ဟု ခေါ်ဝေါ်ခဲ့ကြသည်။) သည် မကြာခဏ စစ်မက်ဖြစ်ပွါးခဲ့ကြသည်။ မွန်များက ရှမ်းဒေသကို စစ်မက်ပြုလိုက်၊ ရှမ်းများက မွန်ဒေသကို စစ်မက်ပြုလိုက်နှင့် အချိန်ကာလများစွာ စစ်ပွဲများဖြစ်ပွါးခဲ့သည်။ ထိုဒေသနှစ်ခုလုံးသည်လည်း စစ်ပွဲများကြောင့် ပျက်ဆီးခဲ့ရသည်။ တနေ့တွင် ရှမ်းများသည် မွန်ဒေသကို စစ်မက်ပြုရန်အတွက် ချီတက်လာကြသည်။ မွန်ဘုရင်သည် ပညာရှိသုခမိန်အမတ်များကို ခေါ်၍ ရှမ်းများအား မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်သင့်ပုံကို ဆွေးနွေးတိုင်ပင်သည်။ ထို့နောက် ရှမ်းဘုရင်ထံသို့ သံအဖွဲ့အား စေလွှတ်ပြီး စစ်မက်ပြုခြင်းဖြင့် ဒေသနှစ်ခုလုံး ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်၍ အကျိုးမရှိကြောင်း၊ ပညာရှိနည်းဖြင့်သာ ဆုံးဖြတ်သင့်ကြောင်း ပြောဆိုခဲ့သည်။ ထို ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ ရှုံးနိမ့်သူက အနိုင်ရရှိသူ၏ဒေသကို မည်သည့်အခါမျှ ကျူးကျော်တိုက်ခိုက်ခြင်းမပြုရန် သဘောတူညီမှုရရှိခဲ့သည်။ ထိုပညာရှိနည်းမှာ - တစ်နေ့တည်းနှင့် ဘုရားတစ်ဆူကို မွန်လူမျိုးနှင့် ရှမ်းလူမျိုးတို့ အပြိုင်တည်ရမည် ဖြစ်သည်။ အရင်ဆုံးပြီးအောင်တည်နိုင်သူသည် အနိုင်ရရှိမည် ဖြစ်သည်။ ဤသို့ဖြင့် ကုန်းမြင့်တစ်ခု(ယခု ကျိုက်သံလန်ဘုရား ကုန်းတော်) ပေါ်တွင် မွန် နှင့် ရှမ်းတို့ စေတီအပြိုင်တည်ခဲ့ကြသည်။ မွန်လူမျိုးတို့က စေတီအမြန်ပြီးစီးရေးအတွက် ၀ါးများဖြင့် စေတီတည်ကြသည်။ တစ်နေ့တည်းနှင့် တည်ပြီးသော ထိုစေတီကို ထုံးသင်္ကန်း ကပ်လှူလိုက်သောအခါ အလွန်ပင် ကြည်ညိုသပ္ပါယ်ဖွယ်ကောင်းလှသည်။ ရှမ်းလူမျိုးတို့သည် စေတီတော်ကို အုတ်၊ သဲ၊ ကျောက် တို့ဖြင့် တည်ဆောက်သောကြောင့် တစ်နေ့တည်းနှင့် မပြီးပေ။ ထို့ကြောင့် ပညာရှိနည်းဖြင့် ဆုံးဖြတ်ချက်အရ မွန်တို့က အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ရှမ်းတို့သည်လည်း မွန်ဒေသကို မည်သည့်အခါမျှ လာရောက်ကျူးကျော်ခြင်း မပြုတော့ပေ။
ကျိုက်သံလန်စေတီတော်၏ မွန်အမည်မှာ ကျာ်သေမ်လီု ဖြစ်ပါသည်။ မြန်မာလို အသံထွက်မှာ ကျိုက်ဆီမ်းလန် ဟူ၍ဖြစ်ပါသည်။ ကျာ် ရဲ့ အဓိပ္ပါယ်မှာ ဘုရား၊ သေမ် ရဲ့ အဓိပ္ပါယ်မှာ ရှမ်း ၊ လီု ရဲ့ အဓိပ္ပါယ်မှာ ပျက်ဆီးခြင်း၊ ထွက်ပြေးခြင်း လို့ အဓိပ္ပါယ်ရပါသည်။။ သို့ဖြစ်သောကြောင့် ကျာ်သေမ်လီု ဆိုသည်မှာ ရှမ်းလူမျိုးမျာကို ထွက်ပြေးစေနိုင်သော၊ ပျက်ဆီးစေနိုင်သော ဘုရားလို့ အဓိပ္ပါယ်ရပါသည်။
ဤစေတီတော်ကြီး၏ တန်ခိုးတော်ကြောင့် မွန်ဒေသသည်လည်း စစ်မက်မဖြစ်ပွါးတော့ဘဲ တိုးတက်စည်ပင်လာခဲ့သည်ဟု ပါးစပ်ရာဇ၀င်သမိုင်းအဖြစ် တည်ရှိနေပါတော့သည်။
မော်လမြိုင်ရဲ့ ဒဏ္ဍရီ
Anonymous
0
comments
မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့ကို အာလုံးသိကြမှာပါ။ အဲဒီမြို့ဟာဘယ်ရာစုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တယ် ဆိုတာ အတိအကျ မသိရပေမဲ့ ကျွန်တော်သိထားတဲ့ ပါးစပ်ရာဇ၀င်လေးကတော့ ဒီလိုပါ။
ဟိုးအရင်တချိန်တုန်းက…….
ယခု မော်လမြိုင်မြို့နေရာမှာ ဘုရင်တစ်ပါးအုပ်စိုးခဲ့ပါတယ်။ အဲဒီဘုရင်ဟာ သူတပါးနဲ့မတူဘဲ သူ့မှာ ပုံမှန် မျက်လုံးနှစ်လုံးအပြင် နှဖူးအလယ်တည့်တည့်မှာ မျက်လုံးအပိုတစ်လုံး ရှိပါတယ်။ အဲဒီနှဖူးအလယ်က မျက်လုံးတန်ခိုးနဲ့ ဘုရင်ကြီးဟာ သူ့တိုင်းပြည်နယ်နိမိတ်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို အကုန်သိနေတယ်ပေါ့လေ။
တနေ့သောအခါမှာ ယိုးဒယားရှမ်းတွေဟာ သူတို့နဲ့ စစ်မက်ပြုဖို့ရောက်လာကြပါတယ်။ မွန်လူမျိုးတွေဟာ ထိုင်းလူမျိုးတွေကို ရှမ်း လို့ခေါ်ကြပါတယ်။ ရှမ်းဘုရင်တပ်တွေရဲ့ လှုပ်ရှားမှု မှန်သမျှကို မွန်ဘုရင်က သူ့ရဲ့ မျက်လုံးတန်းခိုးဖြင့် အကုန်လုံးမြင်နေရလေတော့ ရှမ်းတွေရဲ့ အစီအစဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်တာပေါ့။ အဲဒါကြောင့် ရှမ်းတွေဟာ သူတို့တပ်တွင်းမှာ သစ္စာဖောက် ရှိတယ်လို့ယူဆလာကြတယ်။ အဲဒါနဲ့ ရှမ်းဘုရင်ဟာ သူ့ရဲ့မှူးမတ်တွေကို မေးမြန်တဲ့အခါမှာ အကြောင်းစုံကို သိရှိလာပါတော့တယ်။ ဒီလိုနဲ့ ရှမ်းတွေဟာ ပြဿနာကို ဖြေရှင်းရန်အတွက် ညီလာခံကျင်းပခဲ့ကြတယ်။ အဲဒီညီလာခံကနေပြီးတော့ သူတို့ဟာ မွန်ဘုရင်ရဲ့ တတိယမျက်လုံးကို ဖျက်စီးပစ်ဖို့အတွက် သူတို့ရဲ့သမီးတော်ကို လက်ဆောင်ပဏ္ဍာဆက်သရန် သဘောတူညီလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှမ်းတွေဟာ သံအဖွဲ့စေလွှတ်ပြီး ဘုရင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် သမီးတော်ကို လာရောက်ဆက်သပါကြောင်း မြှောက်တော့တာပေါ့။ ဒါမျိုးကျတော့ ဘုရင်တွေလည်း ကျွန်တော်တို့လိုပဲဗျ။ ယောက်ျားကောင်း မောင်းမတစ်ထောင်ပေါ့ဗျာ ။ လာထား…. အဟီး။ ဟင့်အင်း ဆိုတဲ့စကားလုံးကို ယောင်လို့တောင်ပြောမထွက်ဘူး။ အဲဒီ မင်းသမီးရဲ့ လက်ချက်ကြောင့်ပဲ ဘုရင်ကြီးရဲ့တတိယမျက်လုံးဟာ ဖျက်ဆီးခြင်းခံလိုက်ရတယ်။ တိုင်းပြည်တ၀ှမ်းက ဘာတွေဖြစ်နေသလဲဆိုတာကို မြင်ရတဲ့ ဘုရင်ကြီးရဲ့ မျက်လုံးဟာလည်း မင်းသမီး ဘာလုပ်မယ်ဆိုတာကိုကျတော့ မမြင်တော့ဘူးဗျ။ အေးပေါ့လေ ဘုရင်ကြီးကလည်း ကျွန်တော်တို့်လိုပဲ ဘာကိုလျှောက်ကြည့်နေမှန်းမှမသိတာ အဟီး။ အဲဒီ မျက်လုံးတစ်လုံး ပျက်သွားတာကို အစွဲပြုပြီးတော့ ရှေးမွန်တွေက အဲဒီဘုရင်ကြီးအုပ်ချုပ်တဲ့မြို့ကို မွန်ဘာသာဖြင့် မတ်မွဲလီု လို့ခေါ်ဆိုကြလာတာ ယခုတိုင်ပါပဲ။ မတ်- ဆိုတာက မျက်လုံးပါ၊ မွဲ-ဆိုတာက တစ်၊ လီု-ဆိုတာကတော့ ပျက်းစီးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မတ်မွဲလီု ရဲ့မွန်လိုအသံထွက်ကတော့ မွတ်မော်လုံမ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြားသော တိုင်းရင်းသားတွေက တုပခေါ်ဝေါ်ပြောဆိုလာတဲ့အခါ မတ်မွဲလီု ကနေ မော်လမြိုင် ဖြစ်လာတာပါ။ မယုံတဲ့လူ လက်တွေ့စမ်းလိုသပဆိုရင် မွတ်မော်လုံမ် ဆိုပြီးတော့ အခေါက်တစ်ရာလောက် ရွတ်ကြည့်ရင် မော်လမြိုင်ဆိုတဲ့ အသံကို ရလာမှာပါ။
မှတ်ချက်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံရဲ့ မြို့ ၉၉ မြို့မှာ မော်လမြိုင်မြို့လည်းပါဝင်ပါတယ်။ အဲဒါကြောင့် မော်လမြိုင်ဟာ အေဒီ ၁၂၈၁ ထက်စောပြီး ပေါ်ပေါက်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
မွန်တို့ဌာနေ ရာမညဆိုတဲ့ သီချင်းကို ကြားဖူးကြမှာပါ။ သီချင်းကလည်း နာမည်ကြီး လူအတော်များများကလည်း ဆိုတတ်ကြတယ်။ ဒါပေမဲ့ ရာမည ဒေသ အကြောင်းကို သိကြလားလို့ မေးကြမယ်ဆိုရင်ဖြင့် ရာမည ဆိုတာ မွန်တို့ ဌာနေဆိုတဲ့ သီချင်းခေါင်းစဉ်ကလွဲပြီး အပိုစာသားထပ်ဖြေနိုင်မည့်သူ ရှားမယ် ထင်ပါတယ်။ တေးတံရှင် က အသံကောင်းတဲ့အတွက်ကြောင့်လား၊ ဒါမှမဟုတ် စကားဝဲတဲ့ မွန်မလေးတွေကို အဲဒီသီချင်းနဲ့ ပိုးလို့ အဆင်ပြေသလားတော့ မပြောတတ်ဘူး။သီချင်းကိုပဲ လူတွေ သိကြပြီးတော့ သီချင်းထဲက ပါတဲ့ ရာမညဆိုတဲ့ အကြောင်းကို မသိကြဘူး။ ရာမည အကြောင်းရေးထားတဲ့ စာအုပ်တွေလည်း ရှာမှရှားသကိုး။စာရေးဆရာတွေကပဲ မရေးကြတာလား၊လူတွေကပဲ စိတ်မ၀င်စားတာလားတော့ မပြောတတ်ဘူး။အခု ရာမညအကြောင်းကို လူတွေ သိကြရအောင်ဆိုပြီး ကျွန်တော်သိသလောက် သမိုင်းအထောက်အထားတွေနဲ့ တင်ပြပါရစေ။ ဖောက်သည်ချတယ် လို့ပဲဆိုပါတော့း) ။
ရာမညဒေသ (Rāmañña Desa) ဆိုတဲ့ ဝေါဟာရကို ဗုဒ္ဓ၏ စာပေကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။ ဗုဒ္ဓမြတ်ရှင် ထင်ရှားရှိစဉ် မြတ်စွာဘုရားရှင်ထံမှ ယခုအကျွန်ုပ်တို့အားလုံးသိပြီးသားဖြစ်သော တိုင်းမဟာ မြန်မာ ဆီသို့ ဆံတော်ရှစ်ဆူ ပင့်ဆောင်သောလာခဲ့တဲ့ မွန် ကုန်သည်ညီနောင်နှစ်ဦးဖြစ်သော တဖုဿ နဲ့ ဘလိက တို့ သည် ရာမညဒေသမှ ဖြစ်ပါတယ် ။ အဲဒီဆံတော် ရှစ်ဆူထဲက ဆံတော်တစ်ချို့ ကို မွန်ဘုရင် ဥက္ကလာပ မင်းနှင့်တကွ တိုင်းသူပြည်သားတွေက ရွှေတိဂုံစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။
နောက်ထပ် ရာမညဒေသ အကြောင်းကို တွေ့ရှိရတာကတော့ မြတ်ဗုဒ္ဓ ရဲ့ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတဲ့အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ဂ၀မ္ပတိ(Gavampatī) ဆိုတဲ့ လက်ရေးစာမူကဖြစ်ပါတယ်။ ဘုရားဖြစ်တော်မူပြီး ၈ နှစ်အကြာမှာမြတ်ဗုဒ္ဓ ဟာ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့နေရာကတော့ ဆူမတြားကျွန်း Sumatra ပြီးတော့ မလေးရှား၊ကမ်ပူးချား၊အယုဒ္ဓယ၊ လာအို၊ ထားဝယ်၊ ကျိုက္ခမီ၊ မုဒုံ၊မော်လမြိုင်၊မုတ္တမ၊သထုံ၊သောက္ကတဲ ကနေ ရာမညဒေသကိုရောက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ အဲဒီလက်ရေးမူပေစာအရ ဟံသာဝတီနေပြည်တော် ဖြစ်မည့်နေရာ (ယခုပဲခူးမြို့နေရာ)ကို ရောက်တဲ့အချိန်မှာမြတ်ဗုဒ္ဓဟာ ဟသာင်္အဖို နှင့် အမနှစ်ကောင် ရေပြင်အလယ်မှာပေါ်နေတဲ့ ကျွန်းသေးသေးလေး ပေါ်မှာ အပေါ်အောက်နားနေနာတာကို(ယခုလည်း ရွှေဟင်္သာမောင်နှံ အပေါ်အောက်နားနေသည့် ရုပ်တုတွေကို မွန်ပြည်နယ် နေရာအနှံ့မှာတွေ့နိုင်ပါတယ်) တွေ့ရှိပြီး နောင် အနှစ် ၁၁၁၆ ကြာတဲ့အခါမှာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ဟံသာဝတီ(Haṁsāvatī) ဆိုတဲ့ နိုင်ငံပေါ်ပေါက်လာမယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ဒါကြောင့် ရာမညဒေသ ဟာ ဧရာဝတီဒေသ အဖြစ်ယူဆလို့ရပါတယ်။ ဗုဒ္ဓ ရောက်ခဲ့တဲ့ ရာမညဒေသဟာ ပထမ ဟံသာဝတီနိုင်ငံ (A.D. 573-781 )ထက် နှစ်ပေါင်း ၁၀၀၀ကျော်စောပါတယ်။ A.D. 800-1281 ကာလအတွင်း ဟံသာဝတီရဲ့သမိုင်းကို မှတ်တမ်းတင်ထားတာ မတွေ့ ရှိရပါဘူး။ အဲဒီအချိန်မှာ ဟံသာဝတီဟာ အနော်ရထာမင်းစော( A.D. 1044-1077) လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံကို တည်ထောင်တဲ့ ၀ါရီရူ(မဂဒူ) နှင့် သူ၏အရိုက်အရာကို ဆက်ခံတဲ့ မင်းဆက်တွေက မြန်မာပြည် အောက်ပိုင်းဒေသကို ပုသိမ် ၃၃ မြို့  ၊မုတ္တမ ၃၃ မြို့ ၊ဟံသာဝတီ ၃၃ မြို့  ပေါင်း ၉၉ မြို့ ကို ရာမညဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီမြို့  တွေကတော့ အောက်မှာ ကျွန်တော် မွန်-ဗမာ-အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် ဖော်ပြထားပါတယ်။ စာဖတ်သူတို့ နေထိုင်တဲ့မြို့  အဲဒီအထဲ မှာ ပါမပါကြည့်ရှုကြပေါ့ဗျာ။ ပါရင်တော့ ကိုယ်နေထိုင်တဲ့မြို့ ရှေးကျတာကိုဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံကြီးသားတွေလို စာဖတ်သူလဲ ကိုယ့်မြို့ ကို ဂုဏ်ယူလို့ရပြီ။
ရာမညဒေသ (Rāmañña Desa) ဆိုတဲ့ ဝေါဟာရကို ဗုဒ္ဓ၏ စာပေကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။ ဗုဒ္ဓမြတ်ရှင် ထင်ရှားရှိစဉ် မြတ်စွာဘုရားရှင်ထံမှ ယခုအကျွန်ုပ်တို့အားလုံးသိပြီးသားဖြစ်သော တိုင်းမဟာ မြန်မာ ဆီသို့ ဆံတော်ရှစ်ဆူ ပင့်ဆောင်သောလာခဲ့တဲ့ မွန် ကုန်သည်ညီနောင်နှစ်ဦးဖြစ်သော တဖုဿ နဲ့ ဘလိက တို့ သည် ရာမညဒေသမှ ဖြစ်ပါတယ် ။ အဲဒီဆံတော် ရှစ်ဆူထဲက ဆံတော်တစ်ချို့ ကို မွန်ဘုရင် ဥက္ကလာပ မင်းနှင့်တကွ တိုင်းသူပြည်သားတွေက ရွှေတိဂုံစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။
နောက်ထပ် ရာမညဒေသ အကြောင်းကို တွေ့ရှိရတာကတော့ မြတ်ဗုဒ္ဓ ရဲ့ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတဲ့အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ဂ၀မ္ပတိ(Gavampatī) ဆိုတဲ့ လက်ရေးစာမူကဖြစ်ပါတယ်။ ဘုရားဖြစ်တော်မူပြီး ၈ နှစ်အကြာမှာမြတ်ဗုဒ္ဓ ဟာ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့နေရာကတော့ ဆူမတြားကျွန်း Sumatra ပြီးတော့ မလေးရှား၊ကမ်ပူးချား၊အယုဒ္ဓယ၊ လာအို၊ ထားဝယ်၊ ကျိုက္ခမီ၊ မုဒုံ၊မော်လမြိုင်၊မုတ္တမ၊သထုံ၊သောက္ကတဲ ကနေ ရာမညဒေသကိုရောက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ အဲဒီလက်ရေးမူပေစာအရ ဟံသာဝတီနေပြည်တော် ဖြစ်မည့်နေရာ (ယခုပဲခူးမြို့နေရာ)ကို ရောက်တဲ့အချိန်မှာမြတ်ဗုဒ္ဓဟာ ဟသာင်္အဖို နှင့် အမနှစ်ကောင် ရေပြင်အလယ်မှာပေါ်နေတဲ့ ကျွန်းသေးသေးလေး ပေါ်မှာ အပေါ်အောက်နားနေနာတာကို(ယခုလည်း ရွှေဟင်္သာမောင်နှံ အပေါ်အောက်နားနေသည့် ရုပ်တုတွေကို မွန်ပြည်နယ် နေရာအနှံ့မှာတွေ့နိုင်ပါတယ်) တွေ့ရှိပြီး နောင် အနှစ် ၁၁၁၆ ကြာတဲ့အခါမှာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ဟံသာဝတီ(Haṁsāvatī) ဆိုတဲ့ နိုင်ငံပေါ်ပေါက်လာမယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ဒါကြောင့် ရာမညဒေသ ဟာ ဧရာဝတီဒေသ အဖြစ်ယူဆလို့ရပါတယ်။ ဗုဒ္ဓ ရောက်ခဲ့တဲ့ ရာမညဒေသဟာ ပထမ ဟံသာဝတီနိုင်ငံ (A.D. 573-781 )ထက် နှစ်ပေါင်း ၁၀၀၀ကျော်စောပါတယ်။ A.D. 800-1281 ကာလအတွင်း ဟံသာဝတီရဲ့သမိုင်းကို မှတ်တမ်းတင်ထားတာ မတွေ့ ရှိရပါဘူး။ အဲဒီအချိန်မှာ ဟံသာဝတီဟာ အနော်ရထာမင်းစော( A.D. 1044-1077) လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံကို တည်ထောင်တဲ့ ၀ါရီရူ(မဂဒူ) နှင့် သူ၏အရိုက်အရာကို ဆက်ခံတဲ့ မင်းဆက်တွေက မြန်မာပြည် အောက်ပိုင်းဒေသကို ပုသိမ် ၃၃ မြို့  ၊မုတ္တမ ၃၃ မြို့ ၊ဟံသာဝတီ ၃၃ မြို့  ပေါင်း ၉၉ မြို့ ကို ရာမညဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီမြို့  တွေကတော့ အောက်မှာ ကျွန်တော် မွန်-ဗမာ-အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် ဖော်ပြထားပါတယ်။ စာဖတ်သူတို့ နေထိုင်တဲ့မြို့  အဲဒီအထဲ မှာ ပါမပါကြည့်ရှုကြပေါ့ဗျာ။ ပါရင်တော့ ကိုယ်နေထိုင်တဲ့မြို့ ရှေးကျတာကိုဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံကြီးသားတွေလို စာဖတ်သူလဲ ကိုယ့်မြို့ ကို ဂုဏ်ယူလို့ရပြီ။
မုတ္တမတိုင်း ၃၃ မြို့
(List of 33 townships in Matama Division
surveyed during the reign of King Badun A.D. 1781-1819)


ဟံသာဝတီတိုင်း ၃၃ မြို့ 
List of 33 townships in Hogsavati Division
surveyed during the reign of King Badun A.D. 1781-1819



ပုသိမ်တိုင်း ၃၂ မြို့ 
List of 32 townships in Pa-sim Division surveyed during the reign of King Badun A.D. 1781-1819



တတိယ ဟံသာဝတီ ခေါ် ပဲခူး ကမ္ဘောဇသာဒီ နေပြည်တော်ကို တည်ထောင်သော မင်းမှာ ဘုရင့်နောင်မင်းတရားကြီး (1551-1581) ဖြစ်ပါတယ်။ဘုရင့်နောင်မင်းဆက်နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ သြဇာ အရှိန်အ၀ါဟာ ကျဆင်းလာခဲ့ပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းဘုရားလက်ထက်မှာ မွန်လူမျိုးတွေ ဗမာ လူမျိုးတို့၏ လက်အောက်ကျရောက်ခဲ့တာ ယနေ့ထိတိုင် ပါဘဲခင်ဗျာ။ မွန်လူမျိုး၏ အစဉ်အလာကြီးမားခဲ့သော စာပေ၊ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဟန်ပန်စတိုင်တွေဟာလည်း တဖြည်းဖြည်း မှေးမှိန်သွားသလို မွန်လိုမျိုးတွေဟာလည်း တစ်စတစ်စနဲ့ ကွယ်ပျောက်နေလျက်ရှိနေပါတယ်။ မိမိအမျိုးကို စောက်ရှောက်ခြင်းမပြုတဲ့ လူမျိုးဟာ သူတို့အတွက်နေရာကတော့ တဖြည်းဖြည်းကျဉ်းမြောင်းလာမှာ မြေကြီးလက်ခတ်မလွဲအမှန်ပါ။ ယခုလည်း မြန်မာနိုင်ငံမှာ အစဉ်အလာကြီးခဲ့ပြီး၊ သြဇာကြီးမားခဲ့သော ဒေါက်တာသန်းထွန်း၏ စကားလုံးကို အငှားသုံးရမည်ဆိုပါက ဗမာလူမျိုးတို့၏ လက်ဦးဆရာဖြစ်ခဲ့သော မွန်လူမျိုးတို့ ၏ အဖြစ်အပျက်က သာဓက ပြနေပါပြီ။ အထင်ရှားဆုံးသာဓက ကတော့ ပျူ လူမျိုး ပါဘဲ။ ပျူလူမျိုးဆိုတာ သမိုင်းမှတ်တမ်းမှာသာ ရှိခဲ့ပေမဲ့ ပျူလူမျိုးဆိုတာ စာဖတ်သူလား၊ ကျွန်တော်လားဆိုတာ မည်သူကမျှ ဒက်ထိဧကန် မပြောနိုင်တော့ပါဘူး။ သက်ရှိမဲ့ ဖြစ်တဲ့ အပင်တွေကတောင် သူတို့မျိုးဆက်အတွက် တနည်းနည်းနဲ့ အကျိုးပြုနေကြပါတယ်။ဒါကြောင့် ကျွန်တော်တို့အားလုံး မည်သည့်လူမျိုးမဆို ကိုယ့်လူမျိုးအတွက် တနည်းနည်းနဲ့တော့ အကျိုးပြုသင့်တယ်လို့ တိုက်တွန်းပါရစေ။
အမျိုးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော သားကောင်းသမီးရတနာများဖြစ်ပါစေလို့ဆန္ဒမွန်ဖြင့်
sainon
(မှတ်ချက်။ အထက်မှာ တဖုဿ နဲ့ ဘလိက ပြီးတော့ ဥက္ကလာပမင်းတို့ကို မွန်လူမျိုးဟု ကျွန်တော်သုံးခဲ့ပါတယ်။ အနော်ရထာမင်းစော ( A.D. 1044-1077) လက်ထက်တွင် ဗမာလူမျိုးတို့သည် မွန်ရဟန်းတော်မြတ် ရှင်အရဟံမှတဆင့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို စတင်ကိုးကွယ်ကြပါတယ်။ အနော်ရထာမင်း မပေါ်ပေါက်မီက ပထမဟံသာဝတီ နိုင်ငံ မတိုင်ခင် နှစ်ပေါင်း ၁၀၀၀ကျော်က ပင် ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ ထိုအချိန် ကာလအခါသမယကတည်းက မြန်မာပြည်အောက်ပိုင်းတွင် နေထိုင်ခဲ့သော လူမျိုးသည် မွန်လူမျိုး ဖြစ်ပါသည်။ အထက်ပါအချက်အလက် နှစ်မျိုးဖြင့် ပင် တဖုဿ၊ ဘလိကနှင့် ဥက္ကလာပ မင်းတို့သည် မွန်လူမျိုး ဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ဆိုဝံ့ပါတယ်။ )
အကိုးအကား
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၊ ချူလာလောင်ကောင်တက္ကသိုလ်တွင် ကျင်းပသော Discovery of Ramanya Desa ,History, Identity, Culture, Language and Performing Arts အကြောင်းဆွေးနွေးသော conference မှာ Sunthorn Sripan-ngern (Thai-Raman Association) တင်သွင်းသော စာတမ်းဖြစ်သည့် Comparison of Mon chronicles: Rājā-thabut and succeeding chronicles ကို ကိုးကားထားပါသည်
ဦးသော်ကောင်း(ချူလာလောင်ကောင်တက္ကသိုလ်၊ Faculty of Arts၊ Department of comparative literature ) ၏ Accounts of King Bayinnaung's Life andHanthawady Hsinbyu-myashin Ayedawbon, a Record of his Campaigns