ကျွန်တော်တို့ မွန်ပြည်နယ်ဘလော့အား အောက်ပါလိပ်စာသို့ ပြောင်းရွှေ့ရေးသားမည်ဖြစ်ပါသည် ...လာရောက်အားပေးကျပါဦးဗျာ ..
http://ramonnya.isgreat.org
မွန်သမိုင်း
နောက်ခံသမိုင်း
မွန်လူမျိုးတို့သည် ဂေါတမမြတ်စွာဘုရားမပွင့်မီ နှစ်ပေါင်း ၅၀၀ ကျော်၊ ခရစ်တော်မပေါ်မီနှစ်ပေါင်း ၁၀၀၀ ကျော်၊ (ဘီစီ- ၁၀၀၀) လောက်ကပင် မြန်မာနိုင်ငံအောက်ပိုင်း၊ ယိုးဒယားနိုင်ငံတောင်ပိုင်းဒေသများတွင် စနစ်တကျအခြေချနေထိုင်ပြီး မြို့ပြနိုင်ငံများထူထောင် ခဲ့ကြသည်။ မွန်လူမျိုးတို့သည် ဘီစီ- ၁၀၀၀ လောက်တွင် ကေလာသနယ်ဝန်းကျင်တွင် သုဓမ္မ၀တီမြို့ကို တည်ထောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်နှင့်ပဲခူးဒေသတို့တွင် မြို့ရွာတည်ထောင်ပြီးနေထိုင်ကြစဉ် ယိုးဒယားနိုင်ငံတောင်ပိုင်းတွင် လပ်ပူရီကို မြို့တော်အဖြစ်ထားကာ ဒွါရ၀တီပြည်ကိုတည်ထောင်ခဲ့ကြသည်။ အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုမြင့်မားစွာဖြင့် နေထိုင်ခဲ့သည့် လူမျိုးဖြစ်သည်။
ဦးငါးဦး
သာသနာဝင်ကျမ်းများအဆိုအရ ဂေါတမမြတ်စွာဘုရားပွင့်တော်မူပြီး (၄၉) ရက်မြောက် လင်းလွန်းပင်ရင်၌စံနေတော်မူစဉ် မြန်မာနိုင်ငံဥက္ကလာပတိုင်းသား မွန်လူမျိုး တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့သည် မြတ်စွာဘုရားကို ဖူးမျှော်ခဲ့ရပြီး သာသနာတော်တွင် ဘုရားကို ဦးစွာဖူးမျှော်ခွင့်ရသူများ၊ သရဏဂုံနှစ်ပါးတွင် ဦးစွာတည်သူများ၊ မြတ်စွာဘုရား ကိုယ်စားတော် သံဃာတော်များကို ဦးဆုံးကိုးကွယ်ခွင့်ရသူများ၊ မြတ်စွာဘုရား၏ဆံတော်များ ဌာပနာပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံးစေတီဖြစ်သော ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ခွင့်ရခဲ့သူများဖြစ်သည်။
သာသနာအစသထုံက
ဂေါတမမြတ်စွာဘုရား ဘုရားဖြစ်ပြီး (၈) ၀ါမြောက်တွင် ဂ၀မ္ပတိမဟာထေရ်ကို အကြောင်းပြု၍ သထုံ၊ ဟံသာဝတီ စသော မွန်တို့၏ဒေသ များသို့ ဒေသစာရီကြွချီရောက်ရှိတော်မူသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီး သာသနာသက္ကရာဇ် ၂၅၃ ခုနှစ်၊ သီရိဓမ္မာသောကမင်းကြီး လက်ထက် ကိုတိုင်းကိုးဌာနသို့ ရဟန်းတော်များ စေလွှတ်သာသနာပြုစေရာတွင် သောဏထေရ်နှင့်ဥတ္တရထေရ်နှစ်ပါး သထုံဒေသသို့ သာသနာပြုရန်ရောက်ရှိတော်မူပြန်သည်။ သာသနာသက္ကရာဇ် ၉၀၀ ကျော်တွင် မွန်အရှင်ဗုဒ္ဓဃောသမထေရ်သည် သီဟိုကျွန်း (သီရိအလင်္ကာ)သို့ ကြွကာပိဋကတ်တော်များကို မာဂဓဘာသာဖြင့် ပေရွက်ပေါ်တွင်ကူးယူပြီး သထုံသို့ ယူဆောင်လာခဲ့၍ မွန်တို့ဒေသတွင် ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်လာခဲ့သည်။ အနော်ရထာမင်းလက်ထက် ပိဋကတ်တော်များကို သထုံမှပုဂံသို့ဆောင်ကြဉ်းခဲ့ပြီး ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအနှံ့ ပြန်နှံ့သွားခဲ့သည်။ ထို့ကြောင့် “သာသနာအစသထုံက´´ဟု ဆိုစမှတ်ပြုကြကြောင်း တွေ့ရှိရပါသည်။
မွန်စာပေ
မွန်စာပေသည် အေဒီ(၅)ရာစုခန့်လောက်တွင် ပေါ်ပေါက်နေပြီဖြစ်ကြောင်း စတင်တွေ့ရပါသည်။ အိန္ဒိယတောင်ပိုင်း ပလ္လ၀လူမျိုးတို့၏ ပလ္လ၀အက္ခရာကို အခြေခံ၍မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမ္မိ ၀န်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာသည် ခရာဇ်နှစ် (၅)ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း ပြဆိုနေသည်။
မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဥ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့်ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓါတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။
မွန်အနုပညာယဉ်ကျေးမှု
မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း(၁၀)မျိုး အတတ်နှင့်အဆောက်အဦးများတည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများထွင်းထုခြင်းစသည့် လက်မှုပညာများကိုသထုံခေတ်တွင်ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂ၀ံကျောက်ဆစ် လက်ရာများကျန်ရစ်နေသည်ကို ယခုတိုင်တွေ့မြင်နိုင်ကြပါသည်။
မှတ်ချက်။ ။ ဤအထက်ပါ အကြောင်းအရာများကို ဆရာ ရာမညမိုးစွေ ရေးသားသော မွန်ဂီတနိဒါန်း စာအုပ်မှ တစ်ထပ်တည်း ကူးယူကောက်နုတ်ပါသည်။
ဒီပိုစ့်ကို ကိုမော်စီဘလော့ မှကူးယူဖော်ပြသည်။
မွန်ဘုရင်မကြီး ရှင်စောပု
မွန်တို့၏ ရိုးရာအိမ်
တိုင်းဒဂုံက ရွှေတိဂုံ
မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံ ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီးလက်ထက်မှာ မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက်မှာ ဒဂုံ ကို ရန်ကုန် ဆိုပြီး အမည်နာမ ပြောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးသိပြီးသားပါ။ ရန်ကုန်ဒေသမှာရှိတဲ့ ကျိုက်လဂုံကိုလည်း အခြားသောတိုင်းရင်းသားတို့က ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြပါတယ်။ နောက်ပိုင်းမှာ ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံ ဟာ မြန်မာပြည်ရဲ့ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့ပါတယ်။ မွန်လူမျိုးတို့ အတွက် ဂုဏ်ယူစရာ ပေါ့လေ။ ဒါပေမဲ့ ဖြစ်ချင်တော့ နောက်ပိုင်းမှာ မွန်လူမျိုးတို့ရဲ့ မူပိုင်ကျိုက်ဆိုတဲ့စကားလုံးနေရာမှာ ရွှေနိုင်ငံ(Golden land) ကို ကိုယ်စားပြုတဲ့ ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြပါတယ်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကို လည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြပါတယ်။ အဲဒီအချိန်ကစပြီးတော့ ကျိုက်လဂုံ ဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ပြောဆိုလာကြပါတယ်။
***ကျွန်တော်တို့ မွန်လူမျိုးတွေကတော့ ယခုအချိန်အထိတော့ ရွှေတိဂုံ စေတီတော်ကို ကျိုက်လဂုံ ဟုခေါ်ဆိုနေကြပါတယ်။ ရန်ကုန်မြို့ကိုလည်း လဂုံမြို့ (တုံးလဂုံ) ဟု ခေါ်တွင်နေကြဆဲပါ။ မွန်လူမျိုးတွေနေထိုင်တဲ့ ဒေသကို ကြုံကြိုက်ရင် မေးမြန်းကြည့်ကြပါဗျာ။ ကောင်မလေးတွေကိုဘဲ မေးကြပါနော်။ တမျိုးမထင်ကြပါနဲ့။ သူတို့က ယောကျာ်းလေးတွေထက်ပိုပြီးစိတ်ရှည်လို့ပါ(အဟီး)။
လေးစားစွာဖြင့်
Saitnon
မွန်နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှု ပေါင်းကူးချိန်သည် မွန်နှင့် ဗမာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာ နိုင်ငံဖြစ်သော ဒွါရ၀တီနိုင်ငံ သည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေ အရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေပြီး။
ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီမြဲဖြစ်သည့်အတိုင်း မွန်နှင့် ဗမာတို့ဆုံတွေ့ကြရာတွင် မြင့်မားသော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည် ဖြစ်ပါသည်။
မွန်နှင့်ဗမာကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က ဗမာထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂)တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် ဗမာကျောက်စာပေါင်းချုပ် စာအုပ်ကိုတည်းဖြတ် ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင် ဖြစ်ပါသည်။
ရှေးဗမာသမိုင်းပညာရှင် များသည် ဗမာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိခဲသည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်း အထောက်အထားများ အရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း '' ဗမာတို့ဆရာကား မွန်ဖြစ်သည်" ဆိုသည်မှာ ထင်ရှားလှပါသည်။
ဗမာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့် အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစတိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာတို့၏ ဒုတိယ ဆရာဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် ဗမာတို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တ၀သောက်စို့ ခဲ့ရပြီးဖြစ်သည်။
မှတ်ချက် ။ ။ ကျနော် ဤမွန်-မြန်မာ စာပေယဉ်ကျေးမှုပေါင်းကူးချိန် ဆောင်းပါကို ဒေါက်တာမင်းတင်မွန် ရေးသားသော မွန် - မြန်မာ စာပေပေါင်းကူး စာအုပ်မှ တစ်ထပ်တည်းကူးယူ ကောင်နုတ်ထားပါသည်။
ဒီပိုစ့်ကို ကိုမော်စီဘလော့ မှကူးယူဖော်ပြသည်။
စေတီတော်သမိုင်းမှာ...
မော်လမြိုင်ရဲ့ ဒဏ္ဍရီ
ဟိုးအရင်တချိန်တုန်းက…….
ရာမညဒေသ (Rāmañña Desa) ဆိုတဲ့ ဝေါဟာရကို ဗုဒ္ဓ၏ စာပေကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။ ဗုဒ္ဓမြတ်ရှင် ထင်ရှားရှိစဉ် မြတ်စွာဘုရားရှင်ထံမှ ယခုအကျွန်ုပ်တို့အားလုံးသိပြီးသားဖြစ်သော တိုင်းမဟာ မြန်မာ ဆီသို့ ဆံတော်ရှစ်ဆူ ပင့်ဆောင်သောလာခဲ့တဲ့ မွန် ကုန်သည်ညီနောင်နှစ်ဦးဖြစ်သော တဖုဿ နဲ့ ဘလိက တို့ သည် ရာမညဒေသမှ ဖြစ်ပါတယ် ။ အဲဒီဆံတော် ရှစ်ဆူထဲက ဆံတော်တစ်ချို့ ကို မွန်ဘုရင် ဥက္ကလာပ မင်းနှင့်တကွ တိုင်းသူပြည်သားတွေက ရွှေတိဂုံစေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ကြပါတယ်။
နောက်ထပ် ရာမညဒေသ အကြောင်းကို တွေ့ရှိရတာကတော့ မြတ်ဗုဒ္ဓ ရဲ့ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတဲ့အကြောင်းကို မှတ်တမ်းတင်ထားတဲ့ ဂ၀မ္ပတိ(Gavampatī) ဆိုတဲ့ လက်ရေးစာမူကဖြစ်ပါတယ်။ ဘုရားဖြစ်တော်မူပြီး ၈ နှစ်အကြာမှာမြတ်ဗုဒ္ဓ ဟာ အရှေ့ တောင်အာရှဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ပထမဆုံးရောက်ရှိခဲ့တဲ့နေရာကတော့ ဆူမတြားကျွန်း Sumatra ပြီးတော့ မလေးရှား၊ကမ်ပူးချား၊အယုဒ္ဓယ၊ လာအို၊ ထားဝယ်၊ ကျိုက္ခမီ၊ မုဒုံ၊မော်လမြိုင်၊မုတ္တမ၊သထုံ၊သောက္ကတဲ ကနေ ရာမညဒေသကိုရောက်ခဲ့တယ်လို့တွေ့ရှိရပါတယ်။ အဲဒီလက်ရေးမူပေစာအရ ဟံသာဝတီနေပြည်တော် ဖြစ်မည့်နေရာ (ယခုပဲခူးမြို့နေရာ)ကို ရောက်တဲ့အချိန်မှာမြတ်ဗုဒ္ဓဟာ ဟသာင်္အဖို နှင့် အမနှစ်ကောင် ရေပြင်အလယ်မှာပေါ်နေတဲ့ ကျွန်းသေးသေးလေး ပေါ်မှာ အပေါ်အောက်နားနေနာတာကို(ယခုလည်း ရွှေဟင်္သာမောင်နှံ အပေါ်အောက်နားနေသည့် ရုပ်တုတွေကို မွန်ပြည်နယ် နေရာအနှံ့မှာတွေ့နိုင်ပါတယ်) တွေ့ရှိပြီး နောင် အနှစ် ၁၁၁၆ ကြာတဲ့အခါမှာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ ဟံသာဝတီ(Haṁsāvatī) ဆိုတဲ့ နိုင်ငံပေါ်ပေါက်လာမယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့တယ်။ဒါကြောင့် ရာမညဒေသ ဟာ ဧရာဝတီဒေသ အဖြစ်ယူဆလို့ရပါတယ်။ ဗုဒ္ဓ ရောက်ခဲ့တဲ့ ရာမညဒေသဟာ ပထမ ဟံသာဝတီနိုင်ငံ (A.D. 573-781 )ထက် နှစ်ပေါင်း ၁၀၀၀ကျော်စောပါတယ်။ A.D. 800-1281 ကာလအတွင်း ဟံသာဝတီရဲ့သမိုင်းကို မှတ်တမ်းတင်ထားတာ မတွေ့ ရှိရပါဘူး။ အဲဒီအချိန်မှာ ဟံသာဝတီဟာ အနော်ရထာမင်းစော( A.D. 1044-1077) လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အေဒီ ၁၂၈၁-၁၇၅၇ မှာ ဒုတိယ ဟံသာဝတီနိုင်ငံကို တည်ထောင်တဲ့ ၀ါရီရူ(မဂဒူ) နှင့် သူ၏အရိုက်အရာကို ဆက်ခံတဲ့ မင်းဆက်တွေက မြန်မာပြည် အောက်ပိုင်းဒေသကို ပုသိမ် ၃၃ မြို့  ၊မုတ္တမ ၃၃ မြို့ ၊ဟံသာဝတီ ၃၃ မြို့  ပေါင်း ၉၉ မြို့ ကို ရာမညဒေသအဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။အဲဒီမြို့  တွေကတော့ အောက်မှာ ကျွန်တော် မွန်-ဗမာ-အင်္ဂလိပ် ဘာသာသုံးမျိုးဖြင့် ဖော်ပြထားပါတယ်။ စာဖတ်သူတို့ နေထိုင်တဲ့မြို့  အဲဒီအထဲ မှာ ပါမပါကြည့်ရှုကြပေါ့ဗျာ။ ပါရင်တော့ ကိုယ်နေထိုင်တဲ့မြို့ ရှေးကျတာကိုဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံကြီးသားတွေလို စာဖတ်သူလဲ ကိုယ့်မြို့ ကို ဂုဏ်ယူလို့ရပြီ။
မုတ္တမတိုင်း ၃၃ မြို့
(List of 33 townships in Matama Division
surveyed during the reign of King Badun A.D. 1781-1819)


ဟံသာဝတီတိုင်း ၃၃ မြို့ 
List of 33 townships in Hogsavati Division
surveyed during the reign of King Badun A.D. 1781-1819



ပုသိမ်တိုင်း ၃၂ မြို့ 
List of 32 townships in Pa-sim Division surveyed during the reign of King Badun A.D. 1781-1819



ဆန္ဒမွန်ဖြင့်
sainon
အကိုးအကား
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ၊ ချူလာလောင်ကောင်တက္ကသိုလ်တွင် ကျင်းပသော Discovery of Ramanya Desa ,History, Identity, Culture, Language and Performing Arts အကြောင်းဆွေးနွေးသော conference မှာ Sunthorn Sripan-ngern (Thai-Raman Association) တင်သွင်းသော စာတမ်းဖြစ်သည့် Comparison of Mon chronicles: Rājā-thabut and succeeding chronicles ကို ကိုးကားထားပါသည်
ဦးသော်ကောင်း(ချူလာလောင်ကောင်တက္ကသိုလ်၊ Faculty of Arts၊ Department of comparative literature ) ၏ Accounts of King Bayinnaung's Life andHanthawady Hsinbyu-myashin Ayedawbon, a Record of his Campaigns
မွန်လူမျိုး အစ
မွန်-ခမာတို့ အုပ်စုဟာ တရုတ်ပြည်တောင်ပိုင်း ကျန်စီမြစ်ဝှမ်းတွင် စတင်အခြေတည် နေထိုင်ခဲ့တယ်လို့ ဆိုတားတယ်။ ဒါနဲ့ပတ်သက်ပြီး ပါမောက္ခ G.H.Luce က သူရေးတဲ့ “Old
“The pioneers in civilization both in Old Burma and Old Siam were the
“မွန်လူမျိုးတို့ဟာ မူလပထမဦးစွာ တရုတ်တောင်ပိုင်း ဂိုဘီသဲကန္တာရမှာ နေထိုင်လာခဲ့ကြတယ်။ ထို့နောက် ရေကြည်ရာ မြက်နုရာနေရာဒေသသစ်ကို ရှာဖွေရင်း တရုတ်ပြည်တောင်ပိုင်းဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာရာမှ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြတယ်” လို့ သက်သေအထောက်အထားတွေနဲ့ အခိုင်မာဆိုထားတယ်။
သမိုင်းပါမောက္ခဒေါက်တာသန်ထွန်းကလည်း အောက်ပါအတိုင်းမှတ်ချက်ချထားတာကို တွေ့ရတယ်။
“ မွန်နှင့်ခမေရ်လူမျိုးတို့ကား မွန်ဂိုလ်အနွယ်ဝင်များဖြစ်၍ ၀၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလ်အနွယ်များဖြစ်သော်လည်း ၀ တို့၌် တောင်ဖက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်” လို့ ဆိုထားတယ်။
နောက်ပြီး ဦဘသန်းရေးတဲ့ မြန်မာ့ရာဇ၀င်၊ စာမျက်နှာ-၅၀ မှာ အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရပြန်တယ်။
“ မွန်လူမျိုးတို့ကား တိဘက်တိုးဘားမင်း(ပျူ၊ ကမ်းယံ၊ သက်)လူမျိုးတို့ မရောက်လာမီကပင် တရုတ်ပြည်အနောက်ပိုင်း ကုန်းပြင်မြင့်များမှ တောင်ဘက်သို့ ဆင်းလာကြပြီးလျှင် ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝအရပ်ဒေသတို့တွင် မြို့ရွာတည်ထောင်နေထိုင်ကြသည်ဟု ထင်ရန်ရှိသည်။ မွန်ရာဇ၀င်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟုအမည်တွင်လျက် ရှမ်း(စောထိုင် သို့မဟုတ် ထိုင်) လူမျိုးတို့နှင့်အတူ ဧရာဝတီမြစ်နှင့် သံလွင်မြစ်တို့အကြား ကုန်းမြင့်တောင်တန်းကြီးတလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အ၀ရှိအရပ်ဒေသတို့တွင် နေထိုင်ကြကြောင်းနှင့် ဆိုသည်။”
အလွန်ထင်ရှားတဲ့ အထက်ပါသမိုင်းပညာရှင် (၃)ဦးရဲ့ အရေးသားကိုကြည့်ရင် မွန်-ခမာလူမျိုးတို့ဟာ မွန်ဂိုလ်အနွယ်ဖြစ်တယ်။ တရုတ်ပြည်အနောက်ပိုင်းကုန်းမြင့်မှ တောင်ဘက်သို့ ဆင်းသက်လာပြီး မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာတယ်ဆိုတာ ထင်ရှားတယ်၊ အိန္ဒိယနိုင်ငံ တိလင်္ဂဃတိုင်းက မွန်လူမျိုးတို့ ဆင်းသက်လာတာကို မတွေ့ရဘဲ၊
တဖန် The New Encyclopaedia Britannica စွယ်စုံကျမ်းမှာလဲ အောက်ပါအတိုင်း ရေးသားဖော်ပြထားတာကို တွေ့ရတယ်။
“ မွန်လူမျိုးတို့ရဲ့ မင်းနေပြည်တော်ဟာ ဟံသာဝတီနိုင်ငံ ဖြစ်သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြားတိုတောင်းတဲ့ကာလများမှာ ဗမာနိုင်ငံတွင် အလွန်တံခိုးသြဇာ ကြီးမားခဲ့တာဖြစ်တယ်။ တရုတ်ပြည်အနောက်ပိုင်းမှာ တောင်ဘက်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင် လာပြီး စောဖုရားမြစ်ဝှမ်း ‘Chao Phraya River’ တို့မှာ အခြေချ နေထိုင်လာခဲ့သည်။”
အထက်ပါစာပုဒ်တွေအရ မွန်လူမျိုးတို့မှာ တရုတ်က ဆင်းသက်လာတယ်ဆိုတာ ထင်ရှားတယ်။ တရုတ်ပြည်တောင်ပိုင်း ကျန်စီမြစ်ဝှမ်းက ဆင်းသက်လာတယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှားသိရတယ်။ အိန္ဒိယနိုင်ငံ တိလင်္ဂဃတိုင်းက ဆင်းသက်လာတယ် ဆိုတာကို တဦးတယောက်ကမှ ရေးသားထားတာ မတွေ့ရဘူး၊ ဘယ်သမိုင်းစာအုပ်မှာမှလဲ မတွေ့ရဘူး၊ ဒါပေမဲ့ တချို့ သမိုင်းစာအုပ်မှာ တိလင်္ဂဃတိုင်းနဲ့ ဆက်စပ်ပြီး မွန်လူမျိုးတို့အကြောင်းကို ရေးသားထားတဲ့အချက်တချက်ရှိတယ်။ ဘယ်လိုရေးသားထားလဲ ဆိုတော့ အိန္ဒိယတောင်ပိုင်း တိလင်္ဂဃကလူမျိုးတို့ဟာ မွန်လူမျိုးတို့ရဲ့ ရာမည ဒေသကို လာရောက်တိုက်ခိုက်တယ်။ ဒါပေမဲ့ မွန်လူမျိုးတို့က ပြန်လည်တိုက်ခိုက်ချေမှုန်းပြီး ထိုကျူးကျော်သူ တိလင်္ဂဃတိုင်းသားတိုင်းသားတို့ကို ရာမညဒေမှ မောင်းထုတ်နိုင်ခဲ့တယ် လို့ သမိုင်းစာအုပ်မှာ ရေးသားထားတာကို ဖတ်ဖူးတယ်။ အောက်ပါစာပုဒ်က သက်သေပြလျှက်ရှိသည်။
မှတ်ချက်။ ။၎င်းရေးသားချက်များသည် “ တလိုင်း ဝေါဟာရ သုတေသနစာတမ်း “ မှ ကူးယူဖော်ပြထားပါသည်။